Wednesday, June 5, 2013
ပလိပ် NLD ဥက္ကဌ ကွယ်လွန်ခြင်းနှစ်လ ပြည့်တော့မည်
သင်္ကြန်မတိုင်မှီက ဆိုင်ကယ်ခြင်းတိုက်မိရာမှ ကွယ်လွန်သွားခဲ့ရသော ပလိပ်မြို့  NLD ဥက္ကဌ ဦးချစ်ဆောင် အား ကျန်ရစ်သူမိသားစုများ
နှင့်ထပ်တူ သူ၏ ပါတီဝင်များ အလုပ်သမားသမဂ္ဂများ မိတ်ဆွေအပေါင်းအသင်းများက လွမ်းဆွတ်လျှက်ရှိကြသည်။ ဦးချစ်ဆောင်သည်
သူ၏ဘ၀တစ်လျှောက်လုံးတွင် စက်ရုံအရာရှိတစ်ဦးဖြစ်သော်လည်း နိုင်ငံရေးရပ်တည်ချက်ကိုသာ ဦးစားပေး နေထိုင်ခဲ့သူဖြစ်သည်။ (၈၈)
အရေးအခင်းအတွင်း ပလိပ်ချည်ထည်စက်ရုံ ဥက္ကဌ တာဝန်၊ အထက်မြန်မာပြည် အလုပ်သမားများ သမဂ္ဂဗဟိုကော်မတီဝင် တာဝန်များ
ကိုလည်း ထမ်းဆောင်ခဲ့သည်၊ ဖမ်းဆီးချုပ်နှောင် အရေးယူခြင်းကိုလည်း ခံခဲ့ရသူဖြစ်ပါသည်။
ဥက္ကဌကြီး ဆရာကြီးဦးချစ်ဆောင် ကောင်းရာ သုကတိလားပါစေ...။
Subscribe to:
Post Comments (Atom)
ပလိပ်က ဓာတ်ဆီဆိုင် ကိစ္စကဘယ်လို အခြေအနေရှိလဲဗျ။
ReplyDelete